ကရင်သက္ကရာဇ် ၂၇၆၃ နှစ်အတွက် ကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းမှာ ဇန်နဝါရီ ၁၁ ရက်နေ့က စည်းကားသိုက်မြိုက်စွာ ကျင်းခဲ့ပါတယ်။
ကရင်ဒုံးယိမ်းအကဖျော်ဖြေမှုနဲ့အတူ တေးသံရှင်တွေရဲ့ သီဆိုမှုတွေကိုပါ တင်ဆက်ခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ နှစ်သစ်ကူးအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။