ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စု၊ ကယားပြုံးချောင်းကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ကျော်သေဆုံးကာ ၁၀ ဦးအရှင်ဖမ်းမိခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က တောင်ငူမြို့နယ် ၊ နဂါးမောက်ကျေး ရွာအုပ်စု၊ ကယားပြုံးချောင်းကျေးရွာအနီးသို့ အင်အား ၇၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး လက်နက်ချရန် သတိပေးခဲ့သော်လည်း လက်နက်ချအညံ့ခံခြင်းမရှိသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ စစ် ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ၁၀ ဦးအရှင် ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဝင်လာတာက အင်အား ၇၀ ၊ ကယားပြုံးချောင်းရွာထဲကို ဝင်ပြီးတော့ အိမ် ၁၇ လုံးကို မီးရှို့လိုက် တယ်။ မီးရှို့ပြီးတော့ သေနတ် တစ်ချက်ဖောက်တယ်၊ ပြီးတော့ ပြန်ထွက်သွားတယ်၊ ကယားပြုံး ချောင်း အထွက်မှာ ရှမ်းပြုံးချောင်းရွာထိပ် လမ်းဆုံလေးရှိတယ်၊ အဲဒီထောင့်မှာ ဒီဘက်ကနေ ပိတ် ပြီးတော့မှ စောင့်တွယ်လိုက်တာ၊ အဲဒီမှာ ၃၀ လောက်ကျပြီးတော့ ၁၀ ယောက်ဖမ်းမိတယ်၊ လက် နက်တွေလည်းရတယ်၊ အခုတော့ ထပ်ဆိုင်နေတယ်လို့ သတင်းရတယ်၊ တိုက်ပွဲကမဖြစ်သေး ဘူး ဆိုင်နေတုန်းပဲ၊” ဟု တောင်ငူခရိုင် ပြည် သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီလ ၁၀ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က တောင်ငူမြို့၊ မိုင်ဒါကွင်းအရှေ့ဘက်ရှိ မာစတာ ကော်ဖီဆိုင် အနီးရှိညောင်ပင်အောက်၌ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ည ၁၀ နာရီ ၅၈ မိနစ် အချိန်တွင် လာရောက်စစ်ဆေးသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒုတိယမိုင်းတစ် လုံး ဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦး ခြေထောက် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။