မကွေးတိုင်း၊ရေစကြိုမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့နဲ့ မြို့နယ် ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး ဘေးအန္တရာယ်ကာကွယ်ရေး ပညာပေး သရုပ်ပြဟောပြောပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ရက်ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ခံနေရတဲ့အတွက် အခုလို ပညာပေးဟောပြောမှုတွေ ပြုလုပ်ခဲ့တာပါ။