ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး ‘ငါတို့ရဲ့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ’ ခေါင်းစဥ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
ယင်း လှုပ်ရှားမှုကို ဇန်နဝါရီလ ၁၄ ရက်နေ့လည်က လောင်းလုံးမြို့နယ်ထဲတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံအမျိုးသမီး လူငယ်များအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့်အတူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။