KNUတပ်မဟာ၁ အုပ်ချုပ်နယ်မြေတွင် အခြေချနေထိုင်သည့် စစ်ကောင်စီတပ်စခန်းအတွက် လေယာဉ်ဖြင့် ပို့ဆောင်ကျဲချခဲ့သည့် ၄၀မမကျည်၊လက်ပစ်ဗုံးနှင့်ဆေးဝါးပါပစ္စည်း ၃ ထုပ်ကို ယနေ့မနက်၈နာရီအချိန်တွင် KNU/KNDO|PDFပူးပေါင်းအဖွဲ့တို့သိမ်းဆည်းရမိတယ်လို့တပ်မဟာထိပ်ပိုင်းတာဝန်ရှိသူထံမှသိရှိရပါတယ်။
ဝင်းတာပန်စခန်းတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ရဟတ်ယာဉ်ဖြင့်လာရောက်ကျဲချလာသည့်ပစ္စည်းပုံးများကိုKNU/KNDO |PDFပူးပေါင်းအဖွဲ့တို့၅ပုံးမြောက်အထိသိမ်းဆည်းရမိနေပြီး ထိုအထဲတွင် ကျည်ဆံ၊လက်ပစ်ဗုံး၊ဆေးဝါးများ လည်းပါဝင်နေတယ်လို့ဆိုပါတယ်။
ထိုစစ်ကောင်စီစခန်းတိုက်ခိုက်ခံရမှုကြောင့်ဒဏ်ရာရစစ်ကောင်စီတပ်သားရှိသလိုသေဆုံးမှုလည်းရှိနေတယ်လို့ထွက်ပြေးလွတ်မြောက်လာသည့်စစ်ကောင်စီတပ်သားထံမှသိရှိရတယ်လို့KNUနဲ့နီးစပ်သူတစ်ဉီးကလည်းပြောဆိုပါတယ်။