တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေ ကို အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ် ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ရှောင်ပြည်သူတွေအတွက် ဆန်၊ဆီ၊ကြက်သွန်နဲ့ ခေါက်ဆွဲစတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ အဝတ်အထည်တွေ ကိုလည်း လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။