မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ ဒေါနစစ်ကြောင်းသို့ NUG အလုပ်သမားရေးရာ ဒုဝန်ကြီး ဦးကျော်နီနှင့် ရန်ကုန်တိုင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော် ဒေဝတို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း ဒေါန စစ်ကြောင်းထံမှ သိရသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားရေးရာဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးကျော်နီနှင့် ရန်ကုန်တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့က ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဒေါနစစ်ကြောင်းသို့ မြေပြင်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ကာ ရဲဘော်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။