စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက် လေးခုမှ လူငယ်အမျိုးသားများအား ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ် က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။
ယနေ့ (ဇန်နဝါရီ ၁၆ ရက်) နံနက် ၄နာရီခန့်က စစ်ကောင်စီတပ်သည် မုံရွာမြို့ပေါ်ရှိ ရွှေကုန်းရပ်ကွက်၊ ရန်ကင်းရပ်ကွက်၊ညောင်ပင်ဇောက်ရပ်ကွက်နှင့် မြဝတီရပ်ကွက်တို့မှ အမျိုးသား ရှစ်ဦးခန့်အား လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မုံရွာမြို့ခံများက ပြောသည်။
“စောစော စီးစီး အိမ်စီးကား ၅စီးနဲ့ လာဖမ်းသွားတာ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။
မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်က ပြည်သူများအား အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးစစ်ဆေးခြင်း၊ ငွေတောင်းခံခြင်း များအား မကြာခဏပြုလုပ်လေ့ရှိကြောင်း မြို့ခံများက ပြောသည်။
ဇန်နဝါရီ၁၀ ရက်ကလည်း မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်မှ ကျောင်းဆရာမတစ်ဦးနှင့်အင်းရွာသစ်(ခ)ကန်သာဦးရပ်ထဲဲမှ ပြည်သူ လေးဦး ဖမ်းဆီးခံခဲ့ရသေးသည်။