ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခက်တောင်ဒေသ ဘုရားကုန်းတောင်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြဝတီမြို့ လက်ခက်တောင်ဒေသ ဘုရားကုန်း တောင်ပေါ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယဉ် ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ ညနေ ၄ နာရီ ၄၅ မိနစ်မှာ မြဝတီမြို့ လက်ခက်တောင်ဒေသ ဘုရားကုန်း တောင်ပေါ်သို့ စစ်ခွေးတွေက တိုက်လေယဉ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံးကျဲချသွားတယ်။ တိုက်ပွဲ ဖြစ်ပွားတာမရှိဘူး။ ဗုံးက ဖျက်အား ပြင်းတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။