ချင်းပြည်နယ်၊ ပလက်ဝဒေသအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ တပ် ၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ ၂၈၉ ၊ စကခ ၁၉ တို့ကို ရက္ခိုင့် တပ် တော် AAက အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက် နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို AA က ယနေ့ ထုတ်ပြ လိုက်သည်။
ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်စခန်းများ၊ ဗျူဟာကုန်းများ၊ ဌာနချုပ်များ နှစ်ပေါင်းများစွာ အထိုင်ချတပ်စွဲထားသော မြို့သိမ်းတိုက်ပွဲမှာ အသာတကြည် ရရှိခဲ့သော တိုက်ပွဲမဟုတ်ဟု ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီလ ၁၄ ရက်နေ့ တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ပလက်ဝမြို့အပါအဝင် ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က အလုံး စုံ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ ဖြစ်သော်လည်း ကစဉ့်ကလျား ထွက် ပြေးနေသည့် စစ်ကောင်စီတပ်သားများရှိနေသေး၍ ပြည်သူလူထုများ အနေ ဖြင့် အသွားအလာ အထူးသတိထားကြရန်နှင့် ထွက်ပြေးနေသော စစ်ကောင်စီ တပ်သားများကို တစ်ယောက်မကျန် လိုက်လံရှင်းလင်းနေကြောင်း AA အသိပေးထားသည်။