ချောင်းဦး – ပခုက္ကူလမ်းခွဲအနီး နဲ့ ခရေဖြူအနီးမှာ အခြေချနေထိုင်ပြီး ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီမှာ ပြုလုပ်ခဲ့တယ်ဆိုတာနဲ့ တိုက်ခိုက်မှုအတွင်း အကြမ်းစစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆိုပါ ၂ ဦးလုံးက နောက်တစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁၁ နာရီမှာ သေသွားတာကို အတည်ပြုနိုင်ခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်တပ်က ၆၀ မမ နဲ့ တစ်ချက် ပစ်ခတ်ခဲ့သလို စက်လက်နက် တွေနဲ့ ၁၀ မိနစ်ကျော်ကြာ ပြန်တိုက်ခိုက်ခဲ့ပေမဲ့ တော်လှန်ရေး ရဲဘော်တွေဘက်က ထိခိုက်မှု တစ်စုံ တစ်ရာ မရှိခဲ့ဖူးလို့ အသိပေးထုတ်ပြန်ထားပါ။
အဆိုပါ ဒရုန်းစစ်ဆင်ရေးကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) နဲ့အတူ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။