မကွေးတိုင်း တနေရာမှာ စစ်ရေးလှုပ်ရှားနေတဲ့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) အခြေခံစစ်သင်တန်း အပတ်စဥ် (၄) သင်တန်းဆင်း ပွဲကို ပြုလုပ်ခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ်- (ACDF) သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံထံမှ သိရပါတယ်။
အခြေခံစစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပြီး လွတ်မြောက်နယ်မြေ ၁ နေရာမှာ စစ်ရေးအတွေ့ အကြုံရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ထံ သွားရောက်သင်ယူခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အဆိုပါ စစ်သင်တန်းသို့ ရဲဘော် ၂၁ ဦး၊ရဲမေ ၁၀ ဦး စုစုပေါင်း ၃၁ ဦး၊သင်တန်းကာလ ၃ လကြာ တက်ရောက်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Chin Defence Force- Asho အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မဟာမိတ်တပ်ဖွဲ့များနဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အထက်မင်းလှမြို့နယ်၊ မင်းတုန်းမြို့၊ အခြား အရှိုချင်းတွေရှိတဲ့ မြို့ရွာတွေမှာ စစ်ဆင်ရေးကိုဖော်ဆောင်ပြီး၊ ချင်းပြည်နယ်ထဲက ချင်းအမျိုးသားတပ်မတော် (CAN) ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့နဲ့အတူ မြို့သိမ်းတိုက်ပွဲတွေ မှာ တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့အဖြစ် ပါဝင်ဆင်နွှဲနေတယ်လို့ အသိပေးပါတယ်။
ACDF တပ်ဖွဲ့ ရဲ့ ၂ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် (၂၀) ဖြစ်ပွားခဲ့တယ်ဆိုတာနဲ့ ရန်သူတပ်ဖွဲ့ဝင် ၁၂၅ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး၊ အကြမ်းဖက် စစ်တပ်ပိုင် Mytel တာဝါတိုင်မျာ းကိုလည်း ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။