သရက်မြို့နယ်၊ ဆင်ကော်နယ်မြေရဲစခန်းမှ ရဲများကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး အပါ အဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီခန့်က သရက်မြို့နယ်၊ ဆင်ကော်နယ်မြေရဲစခန်းမှ ထွက်လာပြီး အနီးအနားကျေးရွာများမှ ဆက်ကြေးကောက်၍ ဆိုင်ကယ် ၂ စီးဖြင့် ပြန်လာသော ရဲ ၄ ဦးကို အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့်ဖြစ်ပြီး ဒုရဲအုပ် တစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်း (Eagle Force) ၊ ကျောင်းသားလက်ရုံးတပ်တော် (S.A.F) နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်များ တပ်ဖွဲ့ (W.O.L.F) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အ ထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။