ရက္ခိုင့်တပ်တော် (AA)နန့်တိုက်ပွဲတိအတွင်းအဖက်ဖက်ကအကျအဆုံးများပြီးအထိနာနီရေ အကြမ်းဖက်စစ်ကောင် စီစွာ ရက္ခိုင်ပြည်က မြို့နယ်တချို့မာ ဆက်သွယ်ရီးလိုင်းတိကို တလိတမင် ဖြတ်တောက်ထားရေလို့ ညီနောင်မဟာ မိတ်(၃)ဖွဲ့က ဂျန်နဝါရီ ၁၈ ရက်နိ ညည့် ၁၁ နာရီ ၅၀ မိနစ်အချိန် ထုတ်ပြန်ပါရေ။
ညီနောင်မဟာမိတ်(၃)ဖွဲ့၏ထုတ်ပြန်ချက်အတွင်း “လက်ဟိအချိန်တွင် စစ်ကောင်စီသည် ရက္ခိုင်ဒေသအတွင်း မြို့ နယ်တချို့၌ ဆက်သွယ်ရီးလိုင်းများအား ရည်ရွယ်ချက် ဟိဟိ ဖြတ်တောက်ထားကြောင်း” ဖော်ပြထားပါရေ။
ယင်းပိုင်းပိုင် “ဆက်သွယ်ရီးအိန်တာနက်လိုင်းတိကို ဖြတ်တောက်ထားချိန်မာစစ်ကောင်စီစွာ မိမိရို့၏ပြည်သူလူထု အပေါ် စစ်ရာဇဝတ်မှုတိ ပိုလို့ကျူးလွန်တတ်တေအတွက် များစွာစိုးရိမ်ကြောင်း” လည်း ညီနောင်(၃)ဖွဲ့က ဆိုပါရေ။
လက်ဟိ ရက္ခိုင်ပြည်မာ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲနန့်အမ်းမြို့နယ်ရို့အတွင်း ရက္ခိုင့်တပ်တော်နန့် အကြမ်းဖက် စစ်ကောင်စီတပ်အကြား ထိတွိတိုက်ပွဲတိ ဆက်လက်ဖြစ်ပွားနီကြောင်း ညီနောင်(၃)ဖွဲ့က ထုတ်ပြန်ထားပြီးကေ၊ ယင်းမြို့ နယ်တိအပါအဝင် ရက္ခိုင်ပြည်ကမြို့နယ် အများစုမာ ဆက်သွယ်ရီး ဖုန်းလိုင်းနန့် အိန်တာနက်လိုင်းတိ ပြတ်တောက်နီစွာ ဖြစ်ပါရေ။
ဆက်သွယ်ရီးလိုင်းတိပြတ်တောက်နီခြင်းနန့်ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီ၏ လော်ဘီ ပေ့ချ်တိက တိုက်ပွဲ ဖြစ်ပွားရာ ဒေသတိမာ တာဝါတိုင်တိကို လောင်စာဆီတိ မဖြည့်ပီးနိုင်လို့ဖြစ်ရကြောင်း ရမယ်ရှာ အကြောင်းပြ လီ ဆယ် ဝါဒဖြန့်နီကေလေ့ လက်ဟိ မြီပြင်မာတော့ တိုက်ပွဲ လုံးဝမဟိရေ မြို့ နယ်တိနန့် ဒေသတိမာလည်း ဖုန်းလိုင်း၊ အိန်တာနက်လိုင်းတိ ပြတ်တောက်လျက်ဟိနီကြောင်း တွိဟိရပါရေ။