စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် သပိတ်ကော်မတီဝင်များက ဒေသခံစည်းရုံးရေး တာဝန်ခံလူငယ်များနှင့်အတူ ပူးပေါင်း၍ လူထုစည်းရုံးလှုံ့ဆော်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်း ယနေ့ (ဇန်နဝါရီ ၁၉) နံနက်က ချီတက်ခဲ့ကြသည်။
သပိတ်ကော်မတီဝင်များက တော်လှန်ရေး နှိုးဆော်မှုများနှင့် လူထုလှုပ်ရှားမှုလုပ်ငန်းစဥ်များအား ပူးပေါင်းပါဝင်ကြရန် ကျေးရွာများအနှံ့ လိုက်လံနှိုးဆော်ခဲ့ကြပြီး ကျေးရွာအရောက်တွင် ဒေသခံပြည်သူများ၏ တောင်းဆိုချက်အရ ခြေလျင်စစ်ကြောင်းအဖြစ် အသွင်ပြောင်း၍ ရွာလူထုနှင့်အတူ ချီတက်ခဲ့ကြသည်။
ထို့နောက် နည်းပညာတက္ကသိုလ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုရဲရင့်လှိုင်က သပိတ်တရားများဟောကြားခဲ့ပြီး မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များက လုံခြုံရေးယူပေးခဲ့သည်။