မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အဝင် ရထားသံလမ်းဂိတ်ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ကာတွန်းက ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ် အဝင်ရထားသံလမ်းဆုံ ဂိတ်ရှိ ဘန်ကာများ ပြုပြင်နေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တပ်ခွဲ ၁ မှ တပ်စိတ် ၁ Burma Revolution Rangers ၊ PPDF နှင့် မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။