ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် မိုးမိတ်မြို့မစျေး မီးလောင် ပျက်စီးကာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မိုးမိတ်မြို့အတွင်း လေကြောင်း၊ လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ပြီး မိုးမိတ်မြို့မစျေး မီးလောင် ပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
” မိုးမိတ်မြို့ မြို့မဈေးကြီး မီးစလောင်တာ ၆ နာရီ ၅၂ မိနစ်လောက်က စလောင်တာ စစ်ခွေးတွေ လှမ်းပစ်တဲ့ ဗုံးကျပြီး လောင်တာ မီးတော့ နည်းနည်း ထိန်းနိုင်ပြီ အခု စစ်ခွေးတွေ ဗျူဟာကုန်းကနေ မြို့ထဲကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေပြီ ကျွန်တော့် အသိ ၁ ဦးတော့ လက်နက်ကြီးမှန်ပြီး ထိခိုက်သေဆုံးသွားတယ်လို့ သိထားရတယ်။ အရေအတွက် အတိအကျတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။