KNUတပ်မဟာ၁အုပ်ချုပ်နယ်မြေသထုံခရိုင်တွင်အခြေချနေထိုင်သည့်စစ်ကောင်စီဇီးဝန်းအမြောက်တပ် ၃၁၄မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား၃ဉီး ပွဲချင်းပြီးသေဆုံးပြီး ၇ဉီး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ KNLAတပ်ရင်း၂တပ်မှူးတစ်ဉီးထံမှသိရှိရပါတယ်။
၎င်းက “စစ်တောင်းကနေလာတဲ့ယာဉ်၆စီးပါယာဉ်တန်းကိုဒီဘက်ကသွားပစ်ဖို့ဆင်းသွားတယ် မမှီလိုက်ဘူး ပြန်တက်လာတဲ့ကြတယ် စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး၂လုံး ရမ်းပစ်တော့ ကြက်တူကုန်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီးအပြစ်မဲ့အရပ်သားတွေကိုထိမှန်ခဲ့တယ်”လို့ဆိုပါတယ်။
“ပစ်တာက ယနေ့နံနက် ၁၁နာရီ၈မိနစ်မှာ၁လုံးနဲ့၁၁နာရီ၁၁မိနစ်မှာ၁လုံးပစ်ခတ်ခဲ့ပြီး ဒုတိယဗိုလ်မှူးကြီးထူးမြတ်သူဖြစ်ပြီး ဒုရင်းမှူးအဆင့်ရှိပြီးများသေားအားဖြင့်ဒုရင်းမှူးတွေသာဉီးဆောင်ကြတယ်” လို့အဆိုပါတပ်မှူးကဆိုပါတယ်။
လက်နက်ကြီးမှန်သေဆုံးသူမှာအသက်၂နှစ်အရွယ် မောင်ရဲရင့်နောင် ပြင်းထန်ဒဏ်ရာ၊အသက်၄၃ စောမျိုးဇော် ပြင်းထန်ဒဏ်ရာ၊အမည်မသိခရီးသွားတစ်ဉီးမစိုးရိမ်ရ၊အသက်၄၆နှစ်ဒေါ်တောသား ပြင်းထန်ဒဏ်ရာ၊အသက်၆၈ ဒေါ်ခင်သန်း ပြင်းထန်ဒဏ်ရာ၊အသက်၂၆နှစ် မဝါဝါသင်း ပြင်းထန်ဒဏ်ရာဖြစ်ကြပြီးသေဆုံးသူမှာ အသက်၄၉နှစ် ဒေါ်နော်မူ၊အသက်၂၂နှစ်အရွယ်မစန္ဒာ၊နော်ကော်လာမူတို့ဖြစ်ကြတယ်လို့ပြောဆိုပြီးညနေ၅နာရီဝန်းကျင်မှာ ဆေးရုံ ရောက်သည့် ပြင်းထန်ဒဏ်ရာကလေးမိခင်တစ်ဉီးထပ်မံသေဆုံးကြောင်းကြားသိရတယ်လို့ပြောဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ၁၈ရက်နေ့မှာလည်းကျိုက္ကော်မှစျေးဝယ်ပြန်သည့်ကော့လှိုင်းရွာကြီးနေလင်မယား၂ဉီးကိုလည်း အမှတ်၉ခြေမြန်တပ်ရင်းမှ နံနက်၁၁နာရီအချိန်တွင်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ၂ဉီး စလုံး ကျည်ထိမှန်ခဲ့ပြီး အမျိုးသားမှာအသက်၅၇နှစ်စောသန်းမြင့် ခြေထောက်တစ်ဖက် ဖြတ်ပစ်ရပြီး အသက်၅၅နှစ် ဇနီးသည်ကတော့ ခြေထောက် အနည်ငယ်သာ ဒဏ်ရာရရှိတယ်လို့လို့ KNUအုပ်ချုပ်နယ်မြေသထုံခရိုင် KNUနဲ့နီးစပ်သည့် ဒေသခံတစ်ဉီးက ပြောဆိုပါတယ်။