ပြီးခဲ့တဲ့ ၃လအတွင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ငါးရာကျော်အထိ ရှိခဲ့တယ်လို့ အိန္ဒိယ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် ဘက်က တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ မြန်မာစစ်သား ရာနဲ့ချီ ရှိလာပါတယ်။
အနီးဆုံးဖြစ်စဉ်အနေနဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထပ်မံဝင်ရောက်ခိုလှုံလာခဲ့ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ထံ လက်နက်ချခဲ့ကြတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြနေပါတယ်။
အဲ့ဒီစစ်သားတွေဟာ ချင်းပြည်နယ် (တောင်ပိုင်း) ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် အေအေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးသွားကြသူတွေလို့ သိရပါတယ်။
ဒီဇင်ဘာလအတွင်းချင်းအမျိုးသားတပ်ဦး(CNF/CNA) နဲ့ ချင်းကာကွယ် ရေးတပ်ဖွဲ့ တွေပူး ပေါင်းစစ်ဆင်တဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ရိ ဒ်မြို့သိမ်းတိုက်ပွဲနဲ့ သီးဘွားလ် စခန်း သိမ်းတိုက်ပွဲ တွေ ကြောင့် စစ် ကောင်စီတပ်ဖွဲ့ဝင် တွေ မီဇိုရမ်ပြည်နယ်ထဲထွက် ပြေးခဲ့ပြီး မြန်မာနိုင်ငံကိုပြန်ပို့ ပေးခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်ဘက်က ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဝင်ရောက်လာတဲ့စစ်သားတွေကို အိန္ဒိယအစိုးရက မြန်မာစစ်ကောင်စီလက်ထဲ လုံခြုံရေးအပြည့်အဝနဲ့ ပြန်လည်ပို့ဆောင်အပ်နှံပေးနေတာလည်း ဖြစ်ပါတယ်။