စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ပြည်သူ ၇၀၀ ကျော်ကို အာဟာရဒါနအဖြစ်နဲ့ ထမင်းဟင်းတွေ ကျွေးမွေးခဲ့တယ်လို့ S&C မီးဘေး စစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က ကျေးတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတွေကို သတ်ဖြတ်တာ ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်တာ အစရှိတဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်လုပ်ဆောင်နေတာပါ။