စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ဦးကျော် သေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် -PLA ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် နံနက် ၉ နာရီခန့်က ကန့်ဘလူအခြစိုက် ၆၀၀၆ တပ်ရင်းမှ အင်အား ၁၈၀ ခန့်ပါရှိသည့် စစ်ကား ၆ စီးဖြင့် ရေဦးမြို့နယ်မြောက်ခြမ်းသို့ စစ်ကြောင်းထွက်လာခဲ့ကြောင်း၊ ယင်းစစ်ကြောင်းပါ စစ်ကောင်စီတပ်သားများနှင့် တန့်ဆည်မှ ထွက်လာသော စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်တို့သည် တန့်ဆည်မြို့နယ် အရှေ့ခြမ်းတွင် လူချိန်းပြီး ညနေ ၂ နာရီ မိနစ် ၄၀ ခန့် တွင် လာရာလမ်းအတိုင်း ပြန်ထွက်လာခဲ့ကြောင်း သိရသည်။
ညနေ ၃ နာရီခန့်တွင် ထို့သို့ ပြန်ထွက်လာသော စစ်တပ်စစ်ကြောင်းနှင့် တန့်မြို့နယ်အရှေ့ခြမ်း၌ ကင်း ထောက်နေရာယူ ထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်တိုက် ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ညဦးပိုင်းက ထိခိုက်ဒဏ် ရာရရှိသော စစ်ကောင်စီတပ်သားများကို မူးအရှေ့ ဘက်သို့ ပို့ဆောင်ကာ လူနာတင်ကား၂ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ ယခုအချိန်အထိ အက် တောရွာ၌ စခန်းချတပ်စွဲထားပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း၊သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ၊ TCRF (PLA) ၊ ပ.က.ဖ တပ်ရင်း များ ဖြစ်သော တပ် ရင်း ၁၀ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၈ နှင့် တပ်ရင်း ၇ တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် နံနက်ပိုင်းက တန့်ဆည်မြို့ လာရောက်စဉ် နွားဆွဲ ၍ ပြန်လာသော အ သက် ၅၀ အရွယ်ခန့်ရှိ အမျိုးသား တစ်ဦးကို သေနတ်ဖြင့် နဖူးတေ့ကာ ပစ်သတ် ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည် သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။