ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ နဲ့ ကရင်နီ နိုင်ငံရေးအကျဥ်းသား အစည်းအရုံးတို့မှ ပူးတွဲပြီးတော့ အခြေခံ ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်ခဲ့တယ်လို့ Kayah Basic Education Teachers’S Union-KBETU ထံမှ သိရပါတယ်။
ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂများမှ ဖွင့်လှစ်တဲ့အခြေခံကွန်ပျူတာ သင်တန်းကို( ၇ )ကြိမ်မြောက်အဖြစ် သင်ကြားပေးခဲ့ပြီး၊Athens Learning Centre ၊ ဖရူဆိုမြို့နယ် ပညာရေး ဘုတ်အဖွဲ့၊ ကရင်နီနိုင်ငံရေးအကျဥ်းသားအစည်းအရုံးတို့နဲ့ ပူးတွဲဖွင့်လှစ်နေတယ်လို့ ဆိုပါတယ်။
သင်တန်းအပတ်စဥ် ၁ ခုမှာ သင်တန်းသား၊သင်တန်းသူ ၅၀ ဦး တက်ရောက်နိုင်ပြီး၊တရက်လျှင် ၃ နာရီ သင်ကြားပေးလျှက်ရှိတယ် လို့ ပြောပါတယ်။
၁ပတ်လျှင် ၆ ရက်နှုန်းဖြင့် ၅ ပတ်တာ သင်ကြားပို့ချပေးနေပြီး၊ သင်တန်း အပတ်စဥ် (၈) အတွက် သင်တန်း တက်ရောက်လိုသူများ အနေဖြင့် သင်တန်းကြိုတင်အပ်နိုင်တယ်လို့လည်း အသိပေး ထားပါတယ်။