အမျိူးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် ကျားသစ်နက်စစ်ကြောင်းရဲ့ တပ်ဖွဲ့စည်းတည်ထောင် ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၂ နှစ်ပြည့်အခမ်းအနားကို တောင်ပိုင်းစစ်ဒေသ၊ ကျားသစ်နက် စစ်ကြောင်းရဲ့ တပ်တည်နေရာမှ ဇန်နဝါရီ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တာပါ။
အဆိုပါ အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အလံတော် အားအလေးပြုခြင်း၊ တော်လှန် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်ရဲဘော်များအား အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ သစ္စာအဓိဌာန် ရွတ်ဆိုခြင်းမျာ ပြုလုပ်ခဲ့ကြပါတယ်။
ကျားသစ်နက်စစ်ကြောင်း တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခုပုံပါ LOGO တံဆိပ်အား ပြောင်းလဲအသုံးပြုသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။