ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ မင်းလှ – စိန်ကန့်လန့်လမ်းပေါ်မှာ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၅(Dike – U Defence Force) ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များက ဇန်နဝါရီလ ၂၃ရက်မှာ ရှောင်တခင်စစ်ဆေးမှု ပြုလုပ်နေစဥ် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့ Bago Region PDFက ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၅ ( Dike-U Defence Force)မှ ရဲဘော်များက နယ်မြေစိုးမိုး ရေးအတွက် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ချိန် နံနက် ၁၀နာရီခန့်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ကား ၂စီး တက်လာပြီး လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ထိတွေ့တိုက်ပွဲ ၁နာရီခန့် ဖြစ်ပွားခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဖက်မှ ၅ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါ တယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်က အင်အား ၂၀ခန့်နဲ့ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များရဲ့ ကြိုတင်ပြင်ဆင်ထားရှိမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိသွားတဲ့ အကြမ်းဖက်တပ်သားများကို ကားပေါ်ဆွဲတင်ပြီး တောင်ငူဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ထိတွေ့တိုက်ပွဲမှာ ဒဏ်ရာရရှိတဲ့ အကြမ်းဖက်တပ်သားတွေ သေဆုံးမှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိပဲ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက် အန္တရာယ်မရှိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။