ချင်းအမျိုးသားတပ်မတော် (CAN) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅၂) သင်တန်းဆင်းပွဲကို စစ်ရေးပြ အခမ်းအနားဖြင့် ပြုလုပ်ခဲ့တယ်လို့ Chinland Information Center ထံမှ သိရပါတယ်။
ချင်းအမျိုးသားတပ်မတော်ရဲ့ အပတ်စဥ် (၅၂)သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၃ ရက်မှာ ချင်းအမျိုးသားတပ်မတော် ဌာနချုပ် တည်ရှိရာ ဝိတိုရိယစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အပတ်စဥ် (၅၂) စစ်သင်တန်းသို့ သင်တန်းသား ရဲဘော်၊ရဲမေ ၂၅၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ ကြတယ်လို့ ပြောပါတယ်။
တီးတိန်မြို့နယ်မှာ ၂ နှစ်ကြာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ သိုင်းငင်း စစ်စခန်းကို ချင်းအမျိုးသား တပ်မတော် (CAN) မှ ဦးဆောင်ပြီး၊ညီနောင်မဟာမိတ်တပ်များနဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။