စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြိုနယ်၊ ရွာမကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှိဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးကျော်နှင့် ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ပြောကြား သည်။
ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွာမကျေးရွာကို ဝင်ရောက်စီး နင်းပြီး ပြည်သူလူထုပိုင် နေအိမ် ၁၀ လုံးကျော်နှင့် ကုန်စုံဆိုင်တစ်ဆိုင်ကို မီးရှိဖျက်ဆီးကာ ပြည်သူအချို ဖမ်းဆီးခံရမှုများလည်းရှိကြောင်း သိရသည်။
“ဒီနေ့မနက် ၅ နာရီလောက် စစ်ခွေးတွေ ဝင်လာတာပြီး ကိုကျော်၊ မသူကုန်စုံဆိုင်တစ်ဆိုင်နဲ့ နေအိမ်က ၁၀ လုံးကျော်ကို မီးရှိဖျက်ဆီးသွားတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြော ကြားသည်။