မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဝင်းတာပန်းစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ကေအဲန်ယူ- တပ်မဟာ (၁) ၊သထုံခရိုင်၊PDF အမှတ် (၄) တပ်ရင်းက ဒီနေ့ရက်စွဲ နဲ့အသိပေး ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း ဝင်းတာပန်းစခန်းမှ အကြမ်းဖက် စစ်သား ၁ ဦး KNDO တပ်ရင်း (၂)ထံ အလင်းဝင် ရောက်လာခဲ့မှုရှိပြီး ၊ သထုံခရိုင်၊PDF တပ်ရင်း (၄) မှ ကောင်းမွန်စွာ လက်ခံထား တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဝင်းတာပန်းစခန်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများ သေဆုံးမှုရှိသလို ဒဏ်ရာရရှိသူများလည်းရှိနေပြီး အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မယ်လို့ ပြောပါတယ်။
ကေအဲန်ယူ တပ်မဟာ (၁) အုပ်ချုပ်နယ်မြေမှာ အခြေချ တပ်စွဲနေတဲ့ ရန်သူစခန်းအတွက် လေယာဥ်ဖြင့် ပို့ဆောင်ကျဲချခဲ့တဲ့ ၄၀ မမ ကျည်ဆံ၊လက်ပစ်ဗုံး၊ဆေးဝါးပစ္စည်း များပါဝင်သော အထုပ် ၃ ထုပ်ကို ဇန်နဝါရီ ၁၄ ရက်၊ မနက် ၈ နာရီ အချိန်မှာ KNU/ KNDO/ PDF ပူးပေါင်းအဖွဲ့တို့မှ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။