ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျောင်းသား ၅၃ ဦး အတွက် ၃၅ကြိမ်မြောက် သင်ထောက် ကူပစ္စည်းများ ပေးအပ်ခဲ့တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ ထံမှ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကျောင်းပေါင်းများစွာထဲမှ မီးဘေးသင့် စစ်ဘေးသင့် ကျေးရွာတွေမှာ ရှိတဲ့ ပြန်လည်ထူထောင်ဖို့ ခက်ခဲနေတဲ့ ကျောင်းများ၊ စာသင်ဆောင်များအပြင် မီးရှို့ခံရတဲ့ ကျောင်းများ ကို အဓိကထား ကူညီပံ့ပိုးနေပါကြောင်း ပြည်သူများသို့အသိပေးလိုပါတယ်လို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ ကျောင်းတွေကိုလည်း ဆက်လက်ထောက်ပံ့ ပေးသွားမှာ ဖြစ်တဲ့အတွက် ပါဝင်ကူညီ ပေးကြပါရန် အသိပေး ထုတ်ပြန်ထားပါတယ်။