ရန်ကုန်တိုင်း စစ်ဌာန၊ တပ်ရင်း ၅၁၀၁ တပ်ရင်းကို လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ အား လက်နက်တပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်း တနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို အစီအစဉ် ၁၁ ရပ်ဖြင့်ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ရန်ကုန်တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော် ဒေဝတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တပ်ဆင်ပေးသည့် လက်နက်များကို ၅၁၀၁ တပ်ရင်းမှူး ရဲဘော်ဩကာသနှင့် တပ်ခွဲမှူး ရဲဘော် စိုင်း ငယ် တို့က လက်ခံရယူခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူကို ထူးချွန်စွာ ချေမှုန်းနိုင်ခဲ့သော စနိုက်ပါတပ်ဖွဲ့ နှင့် စည်းကမ်းရေးရာစံပြတပ်သားဆုတို့ကိုပါ ပေးအပ်ချီးမြှင့်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဌာန ထုတ်ပြန်ထားသည်။