ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကို PNLA နှင့်မဟာမိတ်တပ်များက အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း PNLA စစ်ရေး သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းတွင် ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက သိမ်းပိုက် ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိ တွင် ဆီဆိုင်မြို့တွင် PNLA နှင့်မဟာမိတ်တပ်များက နေရာ ဖြန့်ကျက်ထား ကြောင်း၊ ယမန်နေ့ညပိုင်း စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် လေ ကြောင်း တိုက်ခိုက်မှုများ တောက်လျှောက်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“အခုမနက်ပိုင်းမှာလည်း သေနတ်သံတွေကြားနေရပြီ။ စစ်ကောင်စီက ဆီဆိုင် ကို ပြန်ရယူဖို့ PNO နဲ့ပေါင်း စစ်ကူတွေ အင်အားဖြည့်နေတယ်။ ဆိုင်ခေါင် အရှေ့ဘက် လွယ်ပွတ်ကောင်တွေ ရွာထဲမှာ စစ်ကား ၁၀ စီးကျော်နဲ့ ဝင်ရောက် ပြီး ပေါ်တာဆွဲနေတယ်။ ဆီဆိုင်မြိုကို ပြန်ရဖို လူသားဒိုင်းကာအဖြစ် သုံးမယ် ထင်တယ်။ အခု PNOကို စစ်ကောင်စီ ဦးဆောင်ပြီး ဆုဲင်ခေါဝ်စံပြကျေးရွာ အရှေ့ဘက်က လွယ်ပွတ်ကျေးရွာအုပ်စု လွယ်ပွတ်ရွာကနေ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ဆီဆိုင်ဘက်ကို ဆင်းလာနေတယ်” ဟု PNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းတွင် ဟိုပုံးဘက်မှ စစ်ကား ၃ စီး အင်အား ၆၀ ခန့်ကလည်း ထွက်ခွာသွားကြောင်း၊ ဆီဆိုင်ဘက်မှ စစ်ဘေးရှောင် ပြည်သူများက ညောင်ရွှေနှင့် ဟိုပုံးဘက်သို့ ထွက်ခွာနေကြေကြောင်း၊ ဆီဆိုင်- ဆိုင်ခေါင်၊ နောင်မွန်- နမ်းခုတ်-ဟိုပုံးတစ်လျှောက်တွင် စစ်ဘေးရှောင်များ ထွက် ပြေး သွားလာနေကြကြောင်း သိရှိရသည်။
PNLA ၏ တရားဝင် ထုတ်ပြန်ချက်တွင်မူ ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ စစ်ကောင်စီက ပအိုဝ်းဒေသတွင်းရှိ ဆီဆိုင်မြို့နှင့် ကျေးရွာ ၄ ရွာကို ဂျက်ဖိုက် တာနှင့် Y12 လေယာဉ်များဖြင့် အကြိမ် ၂၀ နီးပါးတိုက်ခိုက်ခဲ့ကြောင်း၊ တိုက် ခိုက် မှု များအတွင်း စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံးပေါင်း ၁၀၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် ပအိုဝ်းပြည်သူ များ၏ အိုး အိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုအများအပြား ရှိခဲ့ကြောင်း သိရှိရ သည်။