တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသရှိ ကျောက်ထု တပ်စခန်း ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၅ ဦး သေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိကာ စိန် ပြောင်းလက်နက်များအပါအဝင် လက်နက် ၁၈ လက် နှင့် ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ၊ ဒုစစ် ဒေသ ခွဲမှူး – ၂ ရဲဘော် ဂျူပီတာက ပြောကြားသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၄၀ အချိန်တွင် ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသရှိ အ ကြမ်းဖက်စစ်ကောင်စီ၏ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၇၃ မှ ခြေ ကုပ်ယူတပ်စွဲထားသည့် ကျောက် ထု စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ၇ ဦးဖမ်းဆီးရရှိခဲ့ကြောင်း၊ စစ်တပ်စခန်းကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
“စခန်းကိုတော့ မီးရှို့ရှင်းလင်းလိုက်ပါတယ်၊ တော်လှန်ရေး ပူး ပေါင်းတပ် ဖွဲ့ဝင်တွေ အထိအခိုက်လုံးဝ မရှိခဲ့ပါဘူး၊ ဒီစခန်းသိမ်းတိုက်ပွဲက တနင်္သာရီ တိုင်းမှာ ပထမဆုံး သော စခန်းသိမ်း တိုက်ပွဲပါတယ်၊ ဆက်လက်ပြီးတော့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဖော် ဆောင်သွားပါ့မယ်” ဟု တောင်ပိုင်း တိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ၊ ဒုစစ်ဒေသခွဲမှူး – ၂ ရဲဘော် ဂျူပီတာက ပြောကြားသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း MA1 သေနတ် ၄ လက်၊ MA2 သေနတ် ၂ လက်၊ MA3-သေနတ် ၆ လက်၊ MA4 သေနတ် ၁ လက်၊ MA5 သေနတ် ၁ လက်၊ ငါးကြင်းမြီး သေနတ် ၁ လက်၊ RPG7-၁ လက်၊ 60mm ကွန်မန်ဒို စိန်ပြောင်း- ၂ လက်၊ 60mm ကျည်- ၁၆ လုံး၊ RPG7 ကျည်-၅ လုံး၊ 40 mm ကျည်- ၄၂ လုံး၊ ၅.၅၆ ကျည်- ၃၀၉၀) တောင့်၊ ၇.၆၂ ကျည်- ၁၁၀၀ တောင့်၊ လက်ပစ်ဗုံး၊ အီနာဂါဗုံး၊ရှေထွက်မိုင်း၊ တိုက်မိုင်း၊ နင်းမိုင်း၊ စကားပြောစက်များ နှင့်ဆက်စပ်ပစ္စည်းများ စွာတို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ် မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ ၊တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၂၇ ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။