ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီး KNU ဗဟိုက ထုတ် ပြန် သည်။
ဇန်နဝါရီလ ၁၉ ရက် ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် မူးမြို့နယ်၊ ကွင်းချောင်းဝသို့ ရောက်ရှိ နေ သော စစ်ကောင်စီတပ်သားများသည် ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဥသျှစ်ကုန်းကျေးရွာအတွင်းသို့ ၂ လုံးကျရောက်ပေါက်ကွဲပြီး အသက် ၄၇ နှစ်အရွယ် စောဇော်ဌေး၌ နောက်စေ့ထိမှန်ဒဏ်ရာနှင့် အသက် ၄၈ နှစ်အရွယ် နော်ကူး ညာပေါင်အနောက်ဖက် လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂၄ ရက် နေ့တွင် ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉ တပ်ရင်းမှ နတ်သံကွင်း မြို့တွင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရ သည်။
ထို့ပြင် နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် ၁ ကြိမ်၊ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင်၁ ကြိမ်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ၁ ကြိမ် လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ရေတွင်းကုန်းကျေးရွာ အတွင်း လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲပြီး အသက် ၃၂ နှစ်အရွယ် စောထက်လင်း သေဆုံးကာ အသက် ၅၀ အရွယ် စောပိုးပိုး စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။