စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အုပ်စု- (၅) ရဲ့ အခြေခံစစ်သင်တန်း ဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ကလေးမြို့နယ် ပကဖ-ဇုန် ၅ ထံမှ သိရပါတယ်။
အခြေခံစစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တပ်ရင်းနယ်မြေမှာကျင်းပခဲ့ တယ်လို့ ဆိုပါတယ်။
သင်တန်းဖြစ်မြောက်ရေးအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ နဲ့ သင်တန်းသား ရဲဘော်များ စားသောက်ရေး အတွက် အချက်အပြုတ် တာဝန်ယူပေးကြတဲ့ အမျိုးသမီးများနဲ့ ကူညီဆောင်ရွက်ပေးသူ အယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိတယ်လို့ ဖော်ပြထားပါတယ်။