ကချင်ပြည်နယ်၊ မံစီမြိုနယ်၊ မန်ဝိန်းကြီးနယ်မြေ အတွင်းရှိ သိမ်းပိုက်ရရှိသော စခန်းကုန်းများနှင့် မြိုရွာများကို KIA စစ်ဦးစီးချုပ်နှင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးတို လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကချင်ပြည်နယ်၊ မံစီမြိုနယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းရှိ စခန်းကုန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) တို ဦးဆောင်ကာ လှည့်လည် စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
သိမ်းပိုက်ရရှိသော စခန်းကုန်းများ၊ မြိုရွာများနှင့် စစ်လက်နက်ပစ္စည်းများကို အဆိုပါ ခရီးစဥ်အတွင်း စစ်ဆေးခဲ့ပြီး ဖမ်းဆည်းရမိသော စစ်သုံပန်းများ၊ ပြည်သူ့ရင်ခွင်ခိုလှုထားသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ သိမ်းပိုက်ရရှိသော စစ်လက်နက်ပစ္စည်းများကို ပြည်သူ့တော်လှန်ရေးရဲဘော်များအား တပ်ဆင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။