မွန်ပြည်နယ်၊ ရေးတံတားကြီးဂိတ်တွင် ဆပ်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း Dawna Column တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးတံတားကြီးတွင် ခရီးသွား ပြည်သူများထံမှ ဆပ်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒေါနစစ်ကြောင်း စနိုက်ပါတပ်စုက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ သေဆုံးသွားသော ရဲအလောင်းကို လူနာတင်ယာဥ် ၂ စီးဖြင့် လာရောက် သယ်ဆောင်သွား ပြီး ဒဏ်ရာရသူများနှင့် သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။