စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အနီး၊ ညောင်ငုတ်တိုရွာ ပျူစောထီး စခန်းကို ဒရုန်း၊ Fixwings Drone များဖြင့် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူ စောထီးထိခိုက်သေဆုံးမှုရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့တာပါ၊ ထိခိုက်မှုတော့ မကြားသေးဘူးဗျ၊ စစ်ခွေးတွေဘက်က ၄၀ မမ နှစ်လုံးနဲ့ လက်နက်ငယ်တွေ ပြန်ပစ်တာရှိပါတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerilla Force၊ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့၊ Phoenix (SGG)၊ Young Wolf Local PDF နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၇ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။