ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ) Chin National Organization (Upper Chindwin Region) နဲ့ အမျိုးသားလွတ်မြောက် ရေးတပ်တော် (National Liberation Army)တို့မှ မဟာမိတ်ဖွဲ့စည်း ကြောင်းကို ဒီနေ့ ရက်စွဲနဲ့ အသိပေးကြေညာခဲ့ပါတယ်။
ချင်းအမျိုးသားအဖွဲ့ချုပ် နဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် တို့ဟာ ဘုံသဘောတူညီချက် (၅)ရပ်ချမှတ်ပြီး၊ နိုင်ငံရေး၊စစ်ရေးဆိုင် ရာ အကူအညီများ အပြန်အလှန်ပေးကြမယ့် မဟာမိတ်များ အဖြစ် နားလည်မှုစာချွန်လွှာကို ၂ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ပါ တယ်။
အဆိုပါ သဘောတူညီမှု ၅ ရပ်ထဲတွင် ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စုအသစ်ကိုတည်ဆောက်ရာတွင် မိမိတို့ ညီနောင်မဟာမိတ် (၂)ဖွဲ့အပြင်၊အခြားသော တော်လှန်ရေးအင်အားစု များကိုလည်း ပါဝင်လာစေရန် အတူကြိုးပမ်းဆောင်ရွက်ကြမယ်လို့ လည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။