ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေအုပ်ချုပ် နယ်မြေ၊ခလယ်လွီထူခရိုင်၊တပ်မဟာ(၃)ဆောထိမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်မှ နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိတော့တဲ့အတွက် အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ၇က်နေ့အထိ ၁၂၀ မမ၊၁၅၅ မမ လက်နက်ကြီးများဖြင့် အလုံးရေ ၂၄ လုံးခန့် ပစ်ခတ်ခဲ့တယ်လို့ KNU ခလယ်လွီထူခရိုင်-သတင်းနှင့်ပြန် ကြားရေးဌာနမှ ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်မှ ဇန်နဝါရီ ၁၉ ရက်၊ည ၈ နာရီ ၊၂၄ မိနစ်အချိန်ကျော်ခန့်မှာ ဂွေးကုန်းကျေးရွားအနီးသို့ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ပါတယ်။
ညောင်လေးပင်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ-၂၀ မှ ဇန်နဝါရီ ၂၂ရက်၊ နေ့လည် ၁၂ နာရီ ၊ ၅၄ မိနစ်အချိန်တွင် ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ရေဖြူကန်တံတားအနီးမှာ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ဇန်နဝါရီ ၂၃ ၊ ည ၈ နာရီ ၊ ၁၇ မိနစ် မှ ၉ နာရီ၊ ၃၇ မိနစ်အထိ ရန်သူ ခလရ-၂၀မှ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ရေဖြူကန်ကျေးရွာ ၊ရွာဦးအနားသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီ၊၅ မိနစ်အချိန်တွင် ရန်သူစစ်တပ်မှ ၁၂၀ မမ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ဂွေးကုန်းရွာအနီး သီဟိုခြံထဲသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၊ ၅ မိနစ်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တောဝီ နဲ့ ခလရ -၂၀ မှ ၁၂၀မမ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ၊ အဆိုပါ လက်နက်ကြီးများမျာ ပျဥ်ရေးကြီး နဲ့ ပုဇွန်မြောင်းကြားတွင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။
အထက်ပါ ပစ်ခတ်မှုအပြီး ညနေ ၄ နာရီ၊၁၆ မိနစ်အချိန်မှာ ရန်သူစစ်အုပ်စုမှ လက်နက်ကြီး ၅ လုံး ထပ်မံပစ်ခတ်ခဲ့ရာ ဂွေးကုန်း ရွာနားတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး၊ကျွဲ ၂ ကောင် နဲ့ ဝက် ၁ကောင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့တဲ့အပြင်၊ ရန်သူ စစ်တပ်ရဲ့ ပိန်းဇလုပ် ၂၆၄ တပ်ရင်းမှ ည ၇ နာရီ၊၅၇ မိနစ်အချိန်မှာ ၁၅၅ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အောပဝါးကျေးရွာအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။