ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးကြောင်း ဒေသပြည်သူများနှင့် AA သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီမှ စတင်ပြီး ယခုအချိန် စစ်ကောင်စီ၏ ခမရ ၃၇၇ ၊ ခမရ ၅၄၀ နှင့် အမှတ် ၃၁ ရဲတပ်ရင်းတို့က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း၊ မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက်ရှိ လူနေအိမ်ခြေ ၂၀ ကျော် မီးလောင်ပျက်စီးကြောင်း သိရှိရသည်။
“မီးလောင်ပြာကျသွားတာ နေအိမ် ၂၀ ကျော်အထက်မှာ။ သေတာ ၄ ဦးရှိတယ်။ ဒဏ်ရာရသူတွေလည်း ဒဏ်ရာပြင်းထန်တော့ သေဆုံးဖွယ်ရှိတယ်။ တကယ့်ကို စစ်ခွေးတွေ ယုတ်မာတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။