မြန်မာပြည်သူများ လိုလားသော စစ်အာဏာရှင်အမြစ်ဖြတ်ရေးနှင့် စစ်ရေး ရည်မှန်းချက်များ လုံး၀လျော့နည်းသွားခြင်းမရှိဘဲ မြန်မာပြည်သူများနှင့်အတူ ရှိနေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ၃ လပြည့်အဖြစ် ထုတ်ပြန်ကြေညာသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့သည် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် စစ်ဆင်ရေး ၃ လတာပြည့်ဖြစ်ပြီး ညီနောင် မဟာမိတ် ၃ ဖွဲ့ ဋ္၏ စစ်ဆင်ရေးရည်မှန်းချက်များမှာ ပွိင့်ဇီးရိုးဇီးရိုးဝမ်း (.001) မျှပင် လျော့နည်းသွားခြင်းမရှိကြောင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူရှိနေပါကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ၏ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ်ထား ရှိသည့် မပြောင်းမလဲသော သဘောထားကို ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ကြေညာသည်။
လက်ရှိတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့ပေါင်း ၁၇ မြို့နှင့် တပ်စခန်းပေါင်း ၅၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားများ စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။