စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နဲ့ပျူတွေက စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောင်ပစ်ခတ် မီးရှို့နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၃၀ရက် မနက် ၁၁နာရီဝန်းကျင်က သရက္ကံကြီးကျေးရွာက ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပျူပူးပေါင်းအဖွဲ့ အင်အား ၁၀၀ ကျော်ဟာ ထန်းကုန်း တိုက်နယ်အတွင်းရှိ ဇီးဖြူကုန်းကျေးရွာကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီးတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အကြမ်းဖက် စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးနေမှုခြေအနေကို ဆက်လက်စုံစမ်းဆဲ ဖြစ်ပြီး အသေးစိတ်ကို မသိရသေးပါဘူး။ အကြမ်းဖက် စစ်တပ်က ဇီးဖြူကုန်းကျေးရွာကိုစစ်ကြောင်းထိုး ပစ်ခတ်မီးရှို့နေ့လို့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မင်းဘာကျေးရွာမှထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူပူးပေါင်းအင်အား ၄၀ကျော် စစ်ကြောင်းကလည်း ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ပျဥ်းတော်ကျေးရွာအတွင်းကို ဝင်ရောက်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အသိပေးထားပါတယ်။