တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ရဲသားအဖ ၂ ဦး စီးနင်းလာသောကားကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁ဝ နာရီ ၅၀ မိနစ်ခန့်တွင် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာတွင် နေထိုင်သော ရဲသတင်းတပ်ဖွဲ့မှ ရဲတပ်ကြပ် နေစိုးဦးနှင့် ၎င်း၏ ဖခင်ဖြစ်သူ စိုးတင့်တို့ ၂ ဦးသည် ဆိတ်ဖူးကျေးရွာမှ မာရမ်းကျေးရွာကို ကားဖြင့် ပြန်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။