စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ်မှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တာဝန်ခံက ဦးဆောင်ပြီးတော့ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အဖြစ် အသံတိတ်သပိတ်နဲ့ အဖြူရောင်ကမ်ပိန်းကို ပြုလုပ်ခဲ့ကြပါတယ်။
အဖြူရောင်ကမ်ပိန်းလှုပ်ရှားမှုကို ဖဲကြိုးဖြူကမ်ပိန်းအဖြစ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောင်းသား ကျောင်းသူတွေအပါအဝင် အားအင်အများအပြားနဲ့ ပြုလုပ်ခဲ့ကြတာပါ။