စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်တော်လှန်တဲ့နွေဦးတော်လှန်ရေး ၃ နှစ်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်ကို ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်က ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဒိုက်ဦးမြို့ဟာ စစ်တပ်က အမြဲတမ်းစောင့်ကြည့်နေတတ်တဲ့ မြို့ဖြစ်ပြီး စစ်ကောင်စီကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေလုပ်တိုင်း အဖမ်းခံရသူတွေရှိတတ်ပါတယ်။
ယခင်ကာလတွေက ပြုလုပ်ခဲ့တဲ့ပန်းသပိတ်နေ့မျိုးတွေမှာ ဖမ်းဆီးခံရသူတွေရှိခဲ့ပါတယ်။ သို့သော်ဖမ်းဆီးမှုတွေရှိနိုင်တဲ့ ကြားကပဲဒိုက်ဦးဒေသခံက အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဒေသခံတဦးကပြောပါတယ်။