စစ်ကောင်စီအာဏာသိမ်းမှု (၃)နှစ်ပြည့်သည့် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်တွင် အရာတော်မြိုနယ်အခြေစိုက် Danger Force LPDF အဖွဲရဲဘော်များနှင့် ဇေယျာတိုင်း ၅ / သပိတ်စစ်ကြောင်းတိုသည် မုံရွာ – အရာတော် လမ်းမပေါ်ရှိ အရာတော်မြိုအဝင် သနပ်ခါးမြိုတော် အရာတော်ဆိုင်းဘုတ်ရှေ့၌ ဆန္ဒပြခဲ့သည်။
‘အဆုံးသတ်အောင်ပွဲဆီ လူထုလှိင်းတွေနဲ့ တပ်စုံဖွင့် ရွက်ကုန်လွှင့်ချီ၊ ဖက်ဆစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုကြ၊ အာဏာရူးကိုကာကွယ် ရင်း ရင်းခဲ့တဲ့သိက္ခါ တန်ရဲ့လား’အစရှိသည့်စာသားပါ နဖူးစည်းများကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်။