တအာင်းပြည် ၊ မန်တုံမြို့နယ်ထဲက သိမ်းပိုက်ရရှိထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁၃၀ ခြေလျင်တပ်ရင်းကုန်းကို PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား ဦးဆောင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး မိုင်းဝင်းထူးတို့ သွားရောက်ကြည့်ခဲ့ကြတယ်လို့ TNLA က ဒီနေ့မှာ သတင်းထုတ်ပြန် လိုက်ပါတယ်။
သွားရောက်ကြည့်ရှုစစ်ဆေးမှုကို ဖေဖော်ဝါရီ ၃ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇား နဲ့ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး မိုင်းဝင်းထူး တို့ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
မန်တုံမြို့က PSLF/TNLA က သိမ်းပိုက်ထားနိုင်တဲ့ စတုတ္ထမြို့ဖြစ်တယ်ဆိုပြီးတော့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။