မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ ရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Eagles (EB) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သိမ်ဇရပ်နယ်မြေ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ၆၀ မမ များ ၊ Fixed Wing ဒရုန်းများ ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အရေအတွက်ကို အတည်မပြု နိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA ၊ IAF(Iron Adventures Force) ၊ Yangon Eagles (EB) ၊ သိမ်ဇရပ် ပကဖ ၊ အင်းတကော် ပကဖ ၊ ကဝ ပကဖ နှင့် ရန်ကုန် မြောက်ပိုင်းခရိုင် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း သိမ်ဇရပ်မြို့ ကျောက်ပုံကြီးကွင်း အနီးကို အင်အား ၁၅ ဦးခန့်ဖြင့် ချည်းကပ်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို နယ်မြေခံ KNU အပါအဝင် Yangon Eagles(EB) တပ်ဖွဲ့ ၊ IAF(Iron Adventures Force)၊ ကျိုက်ထို ပကဖ၊ သိမ်ဇရပ် ပကဖ ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားကာ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။