ဖေဖော်ဝါရီ ၅ရက် ဒီနေ့ ညနေ ၆ နာရီလောက်ကနေ ဖားကန့်ဗျူဟာကုန်းက စစ်ကောင်စီတပ်တွေဟာ နန့်တိန်းဘက်ကို လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိချိန်ထိ လက်နက်ကြီးပစ်ခတ်တာဟာ အကြိမ်ပေါင်း ၃၀ ထိရှိလာနေတဲ့အတွက် ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေက စိုးရိမ်စွာနဲ့နေကြရတယ်လို့ ဆိုပါတယ်။
နန်းတိန်းစစ်တပ်စခန်းကို KIA, PDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၂ ရက်ညမှာ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။