စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်တွင် စစ် အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုသပိတ်ကို မင်းကင်းချင်းတွင်းသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ယမန်နေ့(ဖေဖော်ဝါရီ ၅ရက်)က ပြုလုပ်ခဲ့သည်။
” အနာဂတ်ကလေး တွေ့လှပါဖို့ စစ်ကောင်စီကို တွန်းလှန်စို့”၊”မင်းကင်းသားတို့ ရုန်းထွက်ကြတော့””တို့အာဏာ တို့ပြန်ယူမယ်””အမေစု ကျန်းမာပါစေ” “သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာပါစေ” “ပြည်သူတိုင်းသည် တော်လှန်ရေးသမားဖြစ်ရမည်” စသည့်စာတန်များ ကိုင်ဆောင်ပြီး ရပ်ကွက်နှင့်ကျေးရွာအချို့၌ လှည့်လည်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။