ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအပေါ် စစ်ကောင်စီရဲ့ ပြင်းထန်တဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက ဆိုက်ခေါင်ရွာအရှေ့ဖက် လယ်ပွတ်ကျေးရွာမှ အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၈ နှစ်အရွယ် ကလေး ၂ ဦး အိမ်အပြင်ဖက်မှာ ဆော့ကစားရင်း စစ်ကောင်စီဗုံးကြဲမှုကြောင့် သေဆုံးခဲ့တာလို့ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၅ရက်မှာလည်း ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက ဒေါဆီအီရွာ၊ လွယ်နန်းဖရွာတို့ကို လေကြောင်းက ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ စာသင်ဆောင်တွေ ပျက်စီးပြီး စာသင်ကြားနေသည့် အသက် ၁၁ က ၁၃ နှစ်ကြား ကလေးငယ် ၄ ဦးသေဆုံးခဲ့ရသလို ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ဆရာမများအပါ ကလေးငယ် ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။